Interview 02

လွန်ခဲ့တဲ့ ၃ နှစ်က နည်းပညာအလုပ်သင်သင်တန်းသားအနေနဲ့ ဂျပန်နိုင်ငံကို ရောက်လာခဲ့တဲ့

မအေးမြတ်မွန်

၂၀၂၀ ခုနှစ် YASASHIITE, Inc. သို့ အလုပ်ဝင်

၂၀၂၃ ခုနှစ် နေထိုင်ခွင့်အရည်အချင်း “အထူးကျွမ်းကျင်လုပ်သား” သို့ပြောင်းလဲ

၂၀၂၃ ခုနှစ် နိုင်ငံအဆင့်အသိအမှတ်ပြုအရည်အချင်း “Kaigofukushishi” ကိုရရှိ

 
တာဝန်ယူထားတဲ့ အလုပ်တာဝန်တွေနဲ့ပတ်သက်ပြီး ပြောပြပေးပါ။

သူနာပြုစောင့်ရှောက်ရေးဝန်ထမ်းအနေနဲ့ အစောင့်ရှောက်ခံသူ ရေချိုးတာကို ကူညီပေးတာ၊ အပေါ့အလေးသွားတာကို ကူညီပေးတာ၊ နေ့ခင်းဘက်နားနေဆောင်မှာ စောင့်ကြည့်ပေးတာ စတာတွေကို လုပ်နေပါတယ်။

ဂျပန်ကို မရောက်ခင်မှာ စိုးရိမ်မှုတစ်စုံတရာ ရှိခဲ့ပါသလား။

ဂျပန်ကိုမရောက်ခင်တုန်းက စိုးရိမ်မှု ရှိခဲ့ပါတယ်။ “ဘာသာစကား” ပါ။
ဒါပေမယ့် ဂျပန်နိုင်ငံကိုရောက်လာပြီး ဂျပန်ဘာသာသင်တန်းကျောင်းကို တက်စေတာ၊ ဂျပန်ဘာသာစကားလေ့လာဖို့အတွက် ကုမ္ပဏီကနေ ပံ့ပိုးပေးတာတွေကို ရရှိခဲ့ပါတယ်။
လုပ်ငန်းခွင်က စီနီယာတွေကလည်း အလုပ်ထဲမှာ ကျွန်မ နားမလည်တဲ့အသုံးအနှုန်းတွေကို သေသေချာချာ ပြောပြပေးခဲ့ကြပါတယ်။

YASASHIITE, Inc. ကို ရွေးချယ်ရတဲ့ အကြောင်းပြချက်၊ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါ။

YASASHIITE, Inc. က ဂျပန်မှာ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးတော့ လစာလည်းကောင်းလို့ အလုပ်ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

YASASHIITE, Inc. ကို အလုပ်ဝင်ပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံကို မလာခင်တုန်းက ထင်ထားတဲ့ အတွေးနဲ့ ကွာခြားမှုရှိပါသလား။

လုံးဝမရှိပါဘူး။

နိုင်ငံခြားသားဝန်ထမ်းတွေအပေါ်မှာ ကူညီပံ့ပိုးမှုတွေအများကြီး ပေးတဲ့အပြင် ဂျပန်လူမျိုးတွေနဲ့တန်းတူ လစာနဲ့ အပိုဆုကြေးတွေလည်း ရလို့ ထင်ထားတာထက် ပိုကောင်းတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

သူနာပြုစောင့်ရှောက်ရေးအလုပ်အနေနဲ့ လုပ်ရကျိုးနပ်တယ်လို့ ခံစားရတာကို ပြောပြပါ။

အစောင့်ရှောက်ခံသူတွေကို စောင့်ရှောက်မှုပေးတဲ့အချိန်မှာ အစောင့်ရှောက်ခံသူတွေဆီကနေ အပြုံးတွေ၊ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားတွေ ရရှိတဲ့အတွက် သူနာပြုစောင့်ရှောက်ရေးဝန်ထမ်းအနေနဲ့ လုပ်ရကျိုးနပ်တယ်လို့ ခံစားရပါတယ်။

အလုပ်က ခက်ခဲတယ်လို့ ခံစားရတဲ့အချိန်က ဘယ်လိုအချိန်မျိုးလဲ။

အစီရင်ခံစာရေးတဲ့အချိန်ပါ။
ဂျပန်ဘာသာနဲ့ ဝါကျတွေရေးဖို့က အခုထက်ထိ ခက်နေတုန်းပါပဲ။

ဂျပန်စာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

နေ့တိုင်း အနည်းဆုံး မိနစ် ၃၀ လောက် ကိုယ့်ဘာသာကိုယ် လေ့လာပါတယ်။

ပိတ်ရက်တွေ၊ အလုပ်ပြီးသွားတဲ့အချိန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းလဲဆိုတာ ပြောပြပေးပါ။

မိသားစုကို ဖုန်းဆက်တာမျိုး၊ ဈေးဝယ်ထွက်တာမျိုး၊ အလည်အပတ်သွားတာမျိုးတွေ လုပ်ပါတယ်။

အလုပ်လုပ်ရတဲ့အခါမှာ ပင်ပန်းပြီး စိတ်ဖိစီးမှုတွေလည်းရှိမယ်လို့ ထင်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ နည်းလမ်းတစ်ခုခု ရှိပါသလား။

သီချင်းနားထောင်တာ၊ သီချင်းဆိုတာ၊ ရုပ်ရှင်ဇာတ်လမ်းကြည့်တာတွေလုပ်ပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်ပါတယ်။

အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ပြောပြပေးပါ။

အကြိုအပို့ဝန်ဆောင်မှု (ယာဉ်မောင်း) ဖြစ်အောင် ကြိုးစားချင်ပါတယ်။

အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့ နိုင်ငံခြားသားတွေကို ကျေးဇူးပြုပြီး သတင်းစကားပြောပေးပါ။

ကုမ္ပဏီကနေ ပံ့ပိုးကူညီမှု အမျိုးမျိုး ရနိုင်ပါတယ်။
ဂျပန်နိုင်ငံသားဝန်ထမ်းတွေနဲ့တန်းတူ လစာနဲ့ အပိုဆုကြေးတွေ ရတဲ့အတွက် အလုပ်လုပ်ရတာ အဆင်ပြေတယ်လို့ ထင်ပါတယ်။