Interview 03

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့လာရောက်ခဲ့သည့်

မထက်ရီဝင်း

၂၀၂၀ ခုနှစ် YASASHIITE, Inc. သို့ အလုပ်ဝင်

၂၀၂၃ ခုနှစ် နေထိုင်ခွင့်အရည်အချင်း “အထူးကျွမ်းကျင်လုပ်သား” သို့ပြောင်းလဲ

ကျေးဇူးပြုပြီး မိမိကိုယ်ကိုယ် မိတ်ဆက်ပေးပါ။

Kaerie Minami Ikuta က ဝင်းလို့ ခေါ်ပါတယ်။
လက်ရှိမှာတော့ Kaerie Minami Ikuta မှာ သူနာပြုစောင့်ရှောက်ရေးဝန်ထမ်း လုပ်နေပါတယ်။

ဂျပန်ကို မရောက်ခင်မှာ စိုးရိမ်မှုတစ်စုံတရာ ရှိခဲ့ပါသလား။

ဂျပန်ကို မရောက်ခင်တုန်းက ဂျပန်စကား ကောင်းကောင်း မပြောနိုင်တဲ့အတွက် သူနာပြုစောင့်ရှောက်ရေးအလုပ်ကို လုပ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်ခဲ့ပါတယ်။
ဒါ့အပြင် မွေးရပ်မြေ (မြန်မာနိုင်ငံ) က ရာသီပူတဲ့ဒေသဖြစ်လို့ ဂျပန်နိုင်ငံရဲ့ အချမ်းဒဏ်အတွက်လည်း စိုးရိမ်ခဲ့ပါတယ်။

YASASHIITE, Inc. ကို ရွေးချယ်ရတဲ့ အကြောင်းပြချက်၊ အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီးတော့ ပြောပြပေးပါ။

သက်ကြီးရွယ်အိုတွေနဲ့ အချိန်ဖြုန်းရတာကို နှစ်သက်တာကြောင့် သူနာပြုစောင့်ရှောက်ရေးအလုပ်ကို ရွေးချယ်ခဲ့တာပါ။
YASASHIITE, Inc. က ဂျပန်မှာ သူနာပြုစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုအမျိုးမျိုး ပေးလျက်ရှိပြီးတော့ သူနာပြုစောင့်ရှောက်ရေးအလုပ်အပေါ်မှာလည်း စိတ်ဝင်စားမှုရှိလို့ YASASHIITE, Inc. ကို ရွေးချယ်ခဲ့ပါတယ်။

YASASHIITE, Inc. ကို အလုပ်ဝင်ပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံကို မလာခင်တုန်းက ထင်ထားတဲ့ အတွေးနဲ့ ကွာခြားမှုရှိပါသလား။

YASASHIITE, Inc. ကို မဝင်ခင်တုန်းက YASASHIITE, Inc. ဟာ ဂျပန်နိုင်ငံမှာ ကုမ္ပဏီကြီးဖြစ်လို့ စည်းမျဉ်းစည်းကမ်းနဲ့အလုပ်တွေ တင်းကြပ်လောက်မယ်လို့ ထင်ခဲ့ပေမယ့် အလုပ်ဝင်ပြီးတဲ့နောက်မှာ ဝန်ထမ်းတွေအားလုံးက သဘောကောင်းကြပြီး မိသားစုဝင်တစ်ယောက်လို့ပဲ ဆက်ဆံပေးကြတဲ့အပြင် အလုပ်မှာသာမက လူနေမှုဘဝမှာပါ ကူညီပံ့ပိုးမှုတွေ ပေးကြပါတယ်။

သူနာပြုစောင့်ရှောက်ရေးအလုပ်အနေနဲ့ လုပ်ရကျိုးနပ်တယ်လို့ ခံစားရတာကို ပြောပြပါ။

သူနာပြုစောင့်ရှောက်ရေးအလုပ်ကို လုပ်ပြီး မိမိပြုစုစောင့်ရှောက်ပေးရတဲ့ အစောင့်ရှောက်ခံသူတွေဆီကနေ ကျေးဇူးတင်မှုရရှိတဲ့အခါ အလွန်ပျော်ရသလို အလုပ်လုပ်ဖို့အတွက် ဆန္ဒတွေလည်း ပေါ်ထွက်လာပါတယ်။

ဂျပန်စာကို ဘယ်လိုလေ့လာခဲ့ပါသလဲ။

လုပ်ငန်းခွင်နေရာမှာ ဂျပန်လူမျိုး ဝန်ထမ်းတွေကို နားမလည်တာတွေ မေးတာမျိုး၊ အလုပ်ပြီးတဲ့နောက် အိမ်မှာ စာလေ့လာတာမျိုး၊ ဂျပန်ဘာသာသင်တန်း‌ကျောင်းတက်တာမျိုးတွေလုပ်ပြီး လေ့လာခဲ့ပါတယ်။

ပိတ်ရက်တွေ၊ အလုပ်ပြီးသွားတဲ့အချိန်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြတ်သန်းလဲဆိုတာ ပြောပြပေးပါ။

အားလပ်ရက်တွေမှာ ကျန်းမာရေးအတွက် လမ်းလျှောက်တာ၊ ဈေးဝယ်ထွက်တာ၊ စာလေ့လာတာတွေလုပ်ပြီး ဖြတ်သန်းနေပါတယ်။

အလုပ်လုပ်ရတဲ့အခါမှာ ပင်ပန်းပြီး စိတ်ဖိစီးမှုတွေလည်းရှိမယ်လို့ ထင်ပါတယ်။ စိတ်ဖိစီးမှုတွေ ဖြေဖျောက်ဖို့ နည်းလမ်းတစ်ခုခု ရှိပါသလား။

စိတ်ဖိစီးမှုဖြေဖျောက်တဲ့နည်းလမ်းအတွက် မိသားစုထံဖုန်းဆက်တာ၊ သူငယ်ချင်းနဲ့ အစားအသောက်စားတာတွေ လုပ်ပါတယ်။

အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်ကို ပြောပြပေးပါ။

သူနာပြုစောင့်ရှောက်ရေးအလုပ်ထဲက လုပ်ငန်းတာဝန်နယ်ပယ်တွေကိုချဲ့ထွင်ပြီး စာလေ့လာပြီးတော့ Kaigofukushishi ဖြစ်ဖို့ ရည်ရွယ်ကြိုးစားသွားပါမယ်။

အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့ နိုင်ငံခြားသားတွေကို ကျေးဇူးပြုပြီး သတင်းစကားပြောပေးပါ။

ဂျပန်နိုင်ငံထဲက နိုင်ငံခြားသားတွေရော၊ အခုမှ ဂျပန်လာဖို့လုပ်နေတဲ့သူတွေရော YASASHIITE, Inc. ဆိုတဲ့ ကုမ္ပဏီဟာ အစောင့်ရှောက်ခံသူတွေကို သူနာပြုစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုအမျိုးမျိုးပေးအပ်လျက်ရှိပြီးသူနာပြုစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး လေ့လာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေအများကြီးရှိတဲ့ အလွန်ကောင်းတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ဂျပန်လူမျိုးဝန်ထမ်းတွေကလည်း သဘောကောင်းပြီးတော့ နိုင်ငံခြားသားဝန်ထမ်းတွေကို အမျိုးမျိုးကူညီပံ့ပိုးပေးကြပါတယ်။